စာရေးသူ

အားလုံးမြင်နိုင်ရန်
Kimya Loder

ကင်မ်ရာလိုဒါ

ကင်မ်ရာလိုဒါ (Kimya Loder)သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ သုတေသီနှင့် ပညာရှင်တစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံ၊ အယ်လ်ဘားမားပြည်နယ်ရှိ သူ၏ဇာတိမြေ ဘာမင်ဟန်၏အမွေကို ဆက်ခံလျက် ၎င်းက သူ့အတွက် တွန်းအားဖြစ်စေပါသည်။ သခင်ယေရှု၏အစေခံသော ခေါင်းဆောင်မှု စံနမူနာကို ဆောင်ယူဖော်ပြသည့် သူ့မိဘနှင့် အဘိုးအဘွားတို့ ၎င်းတို့နေထိုင်သည့် ရပ်ရွာဝန်းကျင်ရှိ လူတို့၏ဝိညာဥ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတို့ကို စောင်မဖြည့်ဆည်းပေးလျက် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့သည်ကို သူကြီးပြင်းလာသည့် တစ်လျှောက်လုံး မြင်တွေ့ခဲ့ရသည်။ ဤအမွေအနှစ်ကို သူ၏သုတေသနပြုလုပ်ချက်၊ စာတမ်းရေးသားခြင်းနှင့် ရပ်ရွာအကျိုးပြု လုပ်ငန်းများအားဖြင့် ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းရှာကြံသည်။ ကင်မ်ရာသည် လူမှုရေးဘောဂဗေဒနှင့် နိုင်ငံတကာ‌ရေးရာ ဝိဇ္ဇာဘွဲ့ကို Spelman ကောလိပ်မှ အောင်မြင်ခဲ့ပြီး၊ Stanford တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ လက်ရှိတွင် သူသည် Stanford တက္ကသိုလ်၌ပင် ပါရဂူဘွဲ့ရရှိရန်အတွက် သင်ယူလုပ်ဆောင်နေပါသည်။ သူမ၏အားလပ်ချိန်များတွင် ရုပ်ရှင်ကြည့်ခြင်း၊ ခရီးသွားခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း စသည့်ဝါသနာများကို လုပ်ဆောင်ပါသည်။

စာမူ/ အကြောင်းအရာ များ ကင်မ်ရာလိုဒါ

ဟန်ချက်ထိန်းသော ဘုရား

‘Pirouette’ (ပီရူအက် - ခြေဖျားထောက်၍လှည့်ခြင်း)သည် ဘဲလေးကချေသည်နှင့် ဘဲလေးအခြေခံ ခေတ်ပေါ်အက ကသူများ ကနိုင်သည့် ကြော့မော့သော ပတ်ချာ လည် လှည့်ခြင်းဖြစ်သည်။ ကျွန်မကလေးဘဝက အကသင်တန်းတွင် ထိုသို့လှည့်ရခြင်းကို နှစ်သက်ခဲ့သည်။ ခေါင်းမူးပြီး မြေပေါ်လဲကျသည်အထိ ချာချာလည် လှည့်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ကျွန်မ၏ဟန်ချက်ကို မပျက်စေဘဲ ထိန်းထားနိုင်သည့်နည်း ‘spotting’ (စပေါ့တင်း)ကို သင်ယူခဲ့သည်။ တစ်ပတ်ပြည့်သည်အထိ တစ်ခါလှည့်ပြီးတိုင်း ကျွန်မမျက်လုံးက ပြန်ရောက်ရမည့် အမှတ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။ လှပကြော့မော့သည့် အဆုံးသတ်နှင့်ကျွမ်းကျင်စွာ လှည့်နိုင်ရန် ကျွန်မလိုအပ်သည့်အရာမှာ အာရုံစိုက်ရမည့် အမှတ်တစ်ခုရှိခြင်းပင်ဖြစ်သည်။

ဘဝ၌ ကျွန်မတို့အားလုံး အလှည့်အပြောင်းနှင့် ရင်ဆိုင်ကြရသည်။ ပြဿနာများကို အာရုံစိုက်နေသောအခါ မိမိတွေ့ကြုံနေရသည့်အရာများ ထိန်းမနိုင်ဖြစ်ကာ ခေါင်းချာရမ်းလျက် ဆိုးဝါးသည့်အရှုံးများသို့သာ ဦးတည်သွားခဲ့သည်။ ကျွန်မတို့၏စိတ်နှလုံးများ တည်ကြည်ပါက (သို့) ဘုရားကိုသာ ဗဟိုပြုထားပါက ‘ပြီးပြည့်စုံသော ငြိမ်သက်ခြင်း’ကို ပေးမည်ဖြစ်ကြောင်း ကျမ်းစာမှသတိပေးသည်…

သဘောထားကွဲလွဲမှုကို ဖြေရှင်းခြင်း

အင်အားကြီးလူမှုကွန်ယက် တွစ်တာသည် ကမ္ဘာတစ်ဝန်းရှိလူများ စိတ်ဝင်စားဖွယ် စကားအတိုများဖြင့် ထင်မြင်ချက်များကို ထိရောက်စွာဖော်ပြသည့် ပလက်ဖောင်းတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် မကြာမီနှစ်များအတွင်း လူတစ်ဦးချင်းစီသည် ၎င်းတို့နှင့် သဘောချင်းမတိုက်ဆိုင်သော နေထိုင်မှုပုံစံများနှင့် အပြုအမူများအတွက် အခြားသူများကို ပြစ်တင်ရှုတ်ချသည့် အရာတစ်ခုအဖြစ် တွစ်တာကိုစတင် အသုံးချလာသည့်အခါ ဤနည်းပညာက ပိုမိုရှုပ်ထွေးလာသည်။ မည်သည့်နေ့တွင်မဆို ပလက်ဖောင်းသို့ဝင်လိုက်လျှင် အနည်းဆုံး “ရေပန်းစားသော” လူတစ်ဦး၏အမည်ကို သင်တွေ့လိမ့်မည်။ ထိုနာမည်ကို နှိပ်လိုက်ပါက ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ်ရာများနှင့်ပတ်သက်၍ သန်းနှင့်ချီသောလူများ၏ ထင်မြင်ယူဆချက်များ ဖော်ပြထားသည်ကို တွေ့ရလိမ့်မည်။

လူတို့၏ခံယူယုံကြည်ချက်မှ စ၍ အခြားသူဝတ်ထားသည့် အဝတ်အစားအပေါ် အထိ အရာအားလုံးကို ကျွန်ုပ်တို့ လူသိရှင်ကြား ဝေဖန်တတ်လာသည်။ သို့သော် အဖြစ်မှန်မှာ အန္တရာယ်ရှိသည့် မနှစ်သက်ဖွယ် ထိုစိတ်သဘောသည် ရှင်ယေရှုကို ယုံကြည်သူများအဖြစ် ဘုရားသခင်ခေါ်တော်မူသော ကျွန်ုပ်တို့နှင့် မကိုက်ညီပါ။ သဘောထားကွဲလွဲမှုကို ရင်ဆိုင်ဖြေရှင်းရမည့်အချိန်များ ရှိသော်လည်း ယုံကြည်သူများအနေနှင့်…